Variable in JavaScript

Nay Win Hlaing
3 min readNov 7, 2020

--

variables in JavaScript

JavaScript variables ဆိုတာ data values တွေကို သိမ်းပေးထားတဲ့ အလုပ်လုပ်ပါတယ်။ JavaScript မှာ variable တစ်ခုတည်ဆောက်မယ် ကြေညာမယ်ဆိုရင် keyword တွေအသုံးပြုပြီး တည်ဆောက်ကြ ပါတယ် ။ variable တည်ဆောက်ရန် var , let , const ဆိုပြီး keyword သုံးခုရှိပါတယ်။

var num = 10 ;

ဒီလိုဆိုရင် num ဆိုတဲ့ variable တစ်ခုကို တည်ဆောက်လိုက်တာဖြစ်ပါတယ်။ 10 ဆိုပြီး numeric value ကို num variable ထဲမှာ store လုပ်လိုက်ခြင်းဖြစ်ပါတယ်။

var two = "two";

ဒီလိုဆိုရင် two ဆိုတဲ့ variable တစ်ခုကို တည်ဆောက်ပြီး “two” ဆိုတဲ့ string value တစ်ခုကို two variable ထဲမှာ store လုပ်လိုက်ခြင်းဖြစ်ပါတယ်။

var three;

ဒီလိုဆိုရင် တော့ three ဆိုတဲ့ variable ကို declare လုပ်လိုက်ခြင်းဖြစ်ပါတယ်။

ဒါကြောင့် variable တစ်ခုတည်ဆောက်ဖို့အတွက် အချက်သုံးချက်ရှိပါတယ်။

  • ပထချက်အနေနဲ့ var or let or const keyword တစ်ခုသုံးရပါမယ်။
  • ဒုတိယအချက်အနေနဲ့ variable name ပေးရပါမယ်။
  • တတိယအချက်အနေနဲ့ ‘=’ နဲ့ value ထည့်ပေးရပါ့မယ်။

var four;

ဒီလို ဆိုလျှင် four ဆိုတဲ့ variable တစ်ခုကို declare လုပ်တယ်လို့ခေါ်ပါတယ် ။

var four = 4;

ဒီလိုဆိုရင် four ဆိုတဲ့ variable ကို 4 ဆိုတဲ့ value assign ထည့်ခြင်းဖြစ်ပါတယ်။ဒါကို value initialized လုပ်တယ်လို့ခေါ်ပါတယ်။ ဒါကြောင့် value assign မပါရင် variable declared လုပ်တယ်လို့ခေါ်ပါတယ်။

variable တစ်ခုကို var keyword သုံးပြီး တည်ဆောက်ရင် assigned value တွေကို reassigned ပြန်လုပ်လို့ရပါတယ်။

var key = 1;
console.log(key); // 1
key = 2;
console.log(key); // 2

ဒီမှာဆိုရင် key ကို ပထမဆုံး logs လုပ်ကြည့်တဲ့အခါ 1 ဆိုပြီး ရပါတယ် ။ key = 2 ဆိုပြီး reassigned လုပ်ပြီး logs ပြန်လုပ်တဲ့ အခါ 2 ဆိုပြီး ရပါတယ်။ ဘာကြောင့် လည်းဆိုတော့ နဂို ရှိတဲ့ value ကို reassigned လုပ်လိုက်ခြင်း ဖြစ်ပါတယ်။

variable တည်ဆောက်ချင်ရင် နောက်ထပ် အသုံးပြုတဲ့ keyword က let ပါ။

let score = 20;

ဒီလိုဆိုရင် score ဆိုတဲ့ variable တစ်ခုကို declare လုပ်ပြီး 20 ဆိုပြီး value initialize လုပ်ထားပါတယ် ။ let keyword သုံးပြီး တည်ဆောက်ထားတဲ့ variable ရဲ့ value ကိုလည်း reassigned ပြန်လုပ်လို့ရပါတယ်။

let score = 20;
console.log(score); // 20
score = 10;
console.log(score) ; // 10

ဒီလိုဆိုရင် ပထမတစ်ခါ score ကို logs လုပ်တဲ့အခါ 20 ထွက်ပြီး ဒုတိယ တစ်ခါ logs လုပ်တဲ့အခါ 10 ဆိုပြီး ရပါတယ် ။

variable တည်ဆောက်ချင်ရင် နောက်ထပ် အသုံးပြုတဲ့ keyword က const ပါ ။ const က constant ရဲ့ အတိုကောက် သဘောပါ။ သူ့ကို variable တစ်ခုကို အတည်သတ်မတ်ချင်တဲ့အခါ reassigned လုပ်လို့ မရချင်တဲ့ အခါ မျိုးမှာ အသုံးပြုပါတယ်။ ဥပမာ PI တန်ဖိုးလို့ v‌ariable တစ်ခုကို အသေသတ်မှတ်ချင်တဲ့အခါ အသုံးပြုပါတယ် ။

const PI = 3.142;

ဒီလိုဆိုရင် variable ပုံစံနဲ့ကြည့်မယ်ဆိုရင် PI ဆိုတဲ့ variable ထဲမှာ 3.142 ဆိုတဲ့ value ကို initialized လုပ်ထားတာဖြစ်ပါတယ်။ နောက်တစ်ခုမှတ် ရမှာ က const keyword ကိုသုံးပြီး variable တည်ဆောက်ရင် declared ပဲ လုပ်လို့မရပါဘူး ။ တစ်ခါတည်း initialized လုပ်ရပါတယ်။

const apiKey;

ဒီလိုဆိုရင် Missing initializer in const declaration ဆိုပြီး syntax error တက်ပါလိမ့်မယ်။

const apiKey = 'axbt23tcXYZte';
apiKey = 3;

ဒီလိုဆိုရင် Assignment to constant variable ဆိုပြီးတော့ TypeError တက်ပါလိမ့်မယ် ။ ဘာကြောင့်လဲဆိုတော့ const keyword နဲ့ တည်ဆောက်ထားတဲ့ variable ကို reassigned လုပ်လို့ မရပါဘူး ။ ဒါကြောင့် reassigned ပြန်လုပ်တဲ့အခါ TypeError တက်ပါတယ်။

ဒီမှာဆို var keyword နဲ့ variable တည်ဆောက်တာနဲ့ let keyword နဲ့ variable တည်ဆောက်တာ တူတယ်လို့ ထင်ရပါတယ် ။

တကယ်တော့မတူ ပါဘူး ။ var keyword နဲ့ let keyword နဲ့ တည်‌ဆောက်တဲ့ variables တွေက scopes ကွာပါတယ်။

var keyword သုံးပြီး variable တည်ဆောက်လိုက်တဲ့အခါ function-scoped ဖြစ်ပြီး global variable ဖြစ်သွားပါတယ် ။

let keyword သုံးပြီး variable တည်ဆောက်လိုက်တဲ့အခါ block-scoped ဖြစ်ပြီး local variable ဖြစ်သွားပါတယ်။

var နဲ့ let နဲ့ ကွဲပြားပုံကို နောက်ပိုင်းမှာ ထပ်ရှင်းပြပါ့မယ် ။ beginner အနေနဲ့ ဒီလောက်သိထားရင် ရပါပြီ။

variable တည်ဆောက်တဲ့အခါ var keyword အစား let keyword ကို သုံးစေချင်ပါတယ် ။

နောက်ပြီး variables တွေကို တစ်တန်းထဲကြေညာလို့ရပါတယ်။

let name = "mgmg";
let age = 19;
console.log(name,age); // mgmg 19

ဒီလိုဆိုရင် output က ‘mgmg’ ရယ် 19 ရယ် ထွက်ပါလိမ့်မယ် ။ ဒါကို ဒီလိုတည်ဆောက်လို့ရပါတယ်။

let name="mgmg" ,age = 19;
console.log(name,age); // mgmg 19

ဒီလိုဆိုလည်း logs လုပ်တဲ့အခါ “mgmg” ရယ် 19 ရယ် ရပါလိမ့်မယ်။

ဒါကြောင့် variable တစ်ခုတည်‌ဆောက်တဲ့အခါ variable ကို ပြန်လည် reassigned လုပ်ချင်တဲ့အခါ let keyword ကို အသုံးပြုတည်ဆောက်ပြီး ၊ variable ကို အတည်သတ်မှတ်ချင်တဲ့အခါ ပြန်လည်ပြောင်းလဲလို့ မရချင် တဲ့အခါ const keyword ကို အသုံးပြုပါတယ် ။

--

--

No responses yet