Anonymous Function
Anonymous function လို့ခေါ်ရတဲ့အကြောင်းအရာကသူ့မှာ function name မပါဘဲ function ကို ပြန်အသုံးပြု နိုင်ခြင်းဖြစ်ပါတယ်။
anonymous function ကို တစ်ခြာ function တစ်ခုရဲ့ argument အဖြစ်အသုံးပြုလို့ရပါတယ်။
ExamplesetTimeout(function(){ alert(“Hello World”);},1000);
ဒီလိုဆိုရင် 1000 milliseconds (1 second) ကြာပြီးတဲ့ နောက်မှာ alert box နဲ့ Hello World ဆိုပြီးတော့ ထွက် လာပါလိမ့်မယ် ။ setTimeout function က ပြီးရင် အလုပ်လုပ်ပါဆိုတဲ့သဘောပါ ။ ဒီမှာဆိုရင် သူက argument နှစ်ခုယူပါတယ်။ ပထမ တစ်ခု anonymous function ရေးထာတဲ့နေရာက သူလုပ်မဲ့ အလုပ် ပါ ။ ဒုတိယ argument က waiting time စောင့်ရမဲ့အချိန်ပါ ။ သဘောက web page ကို စ run ပြီး 1000 milliseconds (1 second) စောင့်ပြီးတဲ့ နောက်မှာ first argument ဖြစ်တဲ့ anonymous function ကို အလုပ်ပါမယ်လို့ဆိုလိုတာပါ။
နောက်ပြီး anonymous function ကို Immediately Invoked Function Expressions (IIFE) ပုံစံမျိုးနဲ့လည်းအသုံးပြုလို့ရပါတယ်။
Example(function(){alert(“Hello World”)})();
ဒီလိုဆိုရင် web page ကို စ run ပြီ ဆိုကတည်းက alert box နဲ့ Hello World ဆိုပြီး ထုတ်ပေးပါလိမ့်မယ်။ ဒါကြောင့် function expression ကိုသုံးခြင်းရဲ့အားသာချက်တွေ က တစ်ခြား functions တွေရဲ့ argument အဖြစ် အလုပ်လုပ်ပေးတယ်။ function name ပေးစရာမလိုပဲနဲ့ IIFE ပုံစံမျိုးလည်း execute ဖြစ်တယ်။ function တစ်ခုကို create ကော execute ကော တစ်ကြောင်းထဲနဲ့ပဲလုပ်နိုင်တယ် ။ နောက်တစ်ချက်နဲ့ သူ့ကို closure အနေနဲ့လည်း လုပ်ဆောင်ပါတယ် ။